1 တဖန်အာဗြဟံသည် တောင်ပြည်သို့ ခရီးသွားသဖြင့်၊ ကာဒေရှမြို့နှင့် ရှုရမြို့စပ်ကြားမှာနေ၍၊ ဂေရာမြို့သို့တည်းခို၏။
2 ထိုအခါ မိမိမယားစာရာသည် မိမိနှမဖြစ်သည်ဟု၊ သူတပါးတို့အား အာဗြဟံဆိုသောကြောင့်၊ ဂေရာမင်းကြီးအဘိမလက်သည် မိမိလူကိုစေလွှတ်၍၊ စာရာကိုယူစေ၏။
3 ညဉ့်အချိန်တွင်အိပ်မက်အားဖြင့် ဘုရားသခင်သည် အဘိမလက်ဆီသို့ကြွလာ၍၊ သင်သည် လူသေဖြစ်၏။ အကြောင်းမူကား၊ သင်ယူသောမိန်းမသည် သူ့မယားဖြစ်၏ဟု မိန့်တော်မူ၏။
4 အဘိမလက်သည်၊ ထိုမိန်းမနှင့် မပေါင်းဘော်သေးသည်ဖြစ်၍၊ အိုဘုရားရှင်၊ ဖြောင့်မတ်သောလူမျိုးကို ကွပ်မျက်တော်မူမည်လော။