9 အာဗြဟံကိုလည်း အဘိမလက်ခေါ်၍၊ သင်သည်ငါတို့၌ အဘယ်သို့ ပြုသနည်း။ သင့်ကိုငါတို့သည်အဘယ်သို့ပြစ်မှားသောကြောင့်၊ သင်သည်ငါ၌၎င်း၊ ငါ့နိုင်ငံ၌၎င်း၊ ကြီးစွာသောအပြစ်ကို ရောက်စေသနည်း။ သင်သည် မပြုအပ်သောအမှုကို ငါ၌ပြုပါသည်တကားဟု ဆိုလေ၏။
10 တဖန်အဘိမလက်က၊ သင်သည် အဘယ်အမှုကိုမြင်၍ ဤသို့ပြုသနည်းဟု အာဗြဟံကိုမေးလျှင်၊
11 အာဗြဟံက၊ ဤအရပ်သားတို့သည် ဘုရားသခင်ကိုမကြောက်၊ အကျွန်ုပ်၏မယားအတွက် အကျွန်ုပ်ကိုသတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့်၊ ထိုသို့ပြုမိပါပြီ။
12 သို့သော်လည်း သူသည်အကျွန်ုပ်နှမမှန်ပါ၏။ အကျွန်ုပ်အဘ၏သမီးဖြစ်၏။ အမိ၏သမီးမဟုတ်။ အကျွန်ုပ်မယားလည်း ဖြစ်ပါ၏။
13 ဘုရားသခင်သည် အကျွန်ုပ်ကိုအဘ၏ အိမ်မှခေါ်၍ လည်စေတော်မူသောအခါ၊ အကျွန်ုပ်က၊ သင်သည်ငါ၌ပြုရသောကျေးဇူးဟူမူကား၊ ငါသည်သင်၏မောင်ဖြစ်ကြောင်းကို ရောက်လေရာရာ၌ပြောရမည်ဟု၊ မယားကိုမှာထားပါသည်ဟု ပြန်ပြောလေ၏။
14 ထိုအခါ အဘိမလက်သည်၊ သိုး၊ နွား၊ ကျွန် ယောက်ျား၊ ကျွန်မိန်းမတို့ကိုယူ၍ အာဗြဟံအားပေးလေ၏။ မယားစာရာကိုလည်းပြန်ပေး၏။
15 အဘိမလက်ကလည်း၊ ငါ့မြေသည် သင့်ရှေ့မှာရှိ၏။ အလိုရှိသည်အတိုင်း နေပါဟု အမိန့်ရှိ၏။