ကမ္ဘာ​ဦး 21:14-20 BJB

14 အာဗြဟံသည် နံနက်စောစောထ၍၊ မုန့်နှင့် ရေဘူးကိုယူသဖြင့်၊ ဟာဂရပခုံး၌တင်ပြီးလျှင်၊ သူငယ်ကိုအပ်၍ ကျွန်မကို လွှတ်လိုက်လေ၏။ သူသည်လည်းသွား၍ ဗေရရှေဘတော၌ လှည့်လည်လျက်နေ၏။

15 ဘူး၌ရေကုန်သောအခါ၊ သူငယ်ကို ချုံဖုတ်အောက်၌ထား၍၊

16 ငါသည်သူငယ်သေသည်ကို မမြင်လိုဟုဆိုလျက်၊ ခပ်ဝေးဝေးလေးတပစ်ခန့်လောက်သွားပြီးလျှင်၊ သူငယ်ရှေ့မှာ ထိုင်၍နေလေ၏။ ထိုသို့ထိုင်၍နေစဉ် သူသည်အသံကိုလွှင့်၍ ငိုကြွေးလေ၏။

17 ဘုရားသခင်သည် လုလင်၏အသံကိုကြားတော်မူ၍ ဘုရားသခင်၏ကောင်းကင်တမန်က၊ ဟာဂရ၊ သင်၌အဘယ်အမှုရှိသနည်း။ မစိုးရိမ်နှင့်။ လုလင်နေသောအရပ်ထဲက သူ၏အသံကို ဘုရားသခင်ကြားတော်မူပြီ။

18 ထလော့။ လုလင်ကိုကြွ၍ လက်နှင့်မလော့။ ငါသည်သူ့ကို လူမျိုးကြီးဖြစ်စေမည်ဟု ကောင်းကင်ထဲကခေါ်၍ ဟာဂရအားမြွက်ဆို၏။

19 ထိုအခါ ဘုရားသခင်သည် ဟာဂရ၏ မျက်စိကိုဖွင့်တော်မူသဖြင့်၊ သူသည်ရေတွင်းကိုမြင်လေသော်၊ သွား၍ဘူးကို ရေဖြည့်ပြီးလျှင်၊ လုလင်အားရေကို တိုက်လေ၏။

20 ထိုလုလင်ဘက်၌လည်း၊ ဘုရားသခင်ရှိတော်မူ၏။ သူသည် ကြီးပွား၍ တော၌နေသဖြင့်၊ လေးသမားဖြစ်လေ၏။