ကမ္ဘာ​ဦး 22:1-6 BJB

1 ထိုနောက်မှ ဘုရားသခင်သည်၊ အာဗြဟံကိုစုံစမ်းခြင်းငှါ၊ အာဗြဟံဟု ခေါ်တော်မူ၍ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟုလျှောက်လျှင်၊

2 သင်သည် အလွန်ချစ်သောတစ်ယောက်တည်းသော သားဣဇာက်ကိုယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သောတောင်ပေါ်မှာ သူ့ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။

3 အာဗြဟံသည် နံနက်စောစောထ၍၊ မြည်းကိုကုန်းနှီးတင်ပြီးလျှင်၊ မိမိသားဣဇာက်နှင့် ငယ်သားနှစ်ယောက်ကိုခေါ်၍ ယဇ်ရှို့စရာထင်းကိုခွဲပြီးမှ၊ ဘုရားသခင်မိန့်တော်မူသောအရပ်သို့ ထသွားလေ၏။

4 သုံးရက်မြောက်သောနေ့၌ မြော်ကြည့်၍၊ ထိုအရပ်ကိုအဝေးကမြင်လျှင်၊

5 ငယ်သားနှစ်ယောက်တို့အား၊ သင်တို့သည် ဤအရပ်၌မြည်းနှင့် အတူနေရစ်ကြလော့။ ငါသည်သားနှင့်အတူ ထိုအရပ်သို့သွား၍၊ ကိုးကွယ်ခြင်းကိုပြုအံ့။ ထိုအမှုပြီးမှ၊ သင်တို့ဆီသို့ပြန်လာဦးမည်ဟု ဆိုလေ၏။

6 ထိုအခါ ယဇ်ရှို့စရာထင်းကိုယူ၍ သားဣဇာက်အပေါ်မှာတင်ပြီးလျှင်၊ မီးနှင့်ထားကို မိမိလက်၌ကိုင်လျက်၊ နှစ်ယောက်အတူသွားကြ၏။