ကမ္ဘာ​ဦး 22:12-18 BJB

12 ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား၊ သင်၏သား သင်၌တယောက် တည်းသောသားကိုငါတောင်း၍ သင်သည်ငါ့ကိုမငြင်းဟု မိန့်တော်မူ၏။

13 ထိုအခါ အာဗြဟံသည်မြော်ကြည့်၍ မိမိနောက်မှ ချုံဖုတ်၌ ချိုညိလျက် ရှိသောသိုးကိုမြင်လေ၏။ ထိုသိုးကိုသွား၍ယူပြီးလျှင် မိမိသားကိုယ်စား မီးရှို့ရာယဇ်ပြု၍ ပူဇော်လေ၏။

14 ထိုအရပ်ကို ယေဟောဝါယိေရဟု အာဗြဟံသမုတ်လေ၏။ ထိုသို့နှင့်အညီ တောင်ပေါ်မှာ ထာဝရဘုရားပြင်ဆင်တော်မူမည်ဟု ယနေ့တိုင်အောင် ဆိုလေ့ရှိသတည်း။

15 တဖန် ထာဝရဘုရား၏ကောင်းကင်းတမန်သည် ကောင်းကင်ပေါ်က အာဗြဟံကိုခေါ်လျက်၊

16 သင်သည် ဤအမှုကိုပြု၍၊ သင်၏သား သင်၌တယောက်တည်းသောသားကို၊ ငါ့အားမငြင်းသောကြောင့်၊

17 ငါသည် သင့်အားအစဉ်အမြဲကောင်းကြီးပေးမည်။ သင်၏အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့၎င်း၊ အစဉ်အမြဲပွားများစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးများကို အစိုးရလိမ့်မည်။

18 သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏စကားကိုသင်နားထောင်သောကြောင့်၊ ငါသည်ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုလေ၏။