ကမ္ဘာ​ဦး 24:63-67 BJB

63 ညဦးအချိန်၌ ဆင်ခြင်လိုသောငှါ၊ တောအရပ်သို့ထွက်သွား၍၊ မြော်ကြည့်လျှင်၊ ကုလားအုပ်များလာသည်ကို မြင်လေ၏။

64 ရေဗက္ကသည်လည်း၊ မြော်ကြည့်၍ ဣဇာက်ကိုမြင်သောအခါ၊ ကုလားအုပ်အပေါ်မှဆင်းပြီးလျှင်၊

65 ကျွန်ုပ်တို့ကို ကြိုဆိုခြင်းငှါ၊ တော၌လာသောထိုသူကား၊ အဘယ်သူနည်းဟု ကျွန်ကိုမေးလေသော်၊ ကျွန်က၊ ထိုသူသည် ကျွန်ုပ်သခင်ဖြစ်ပါ၏ဟု ပြောဆို သောစကားကိုကြားလျှင်၊ ရေဗက္ကသည်မျက်နှာဖုံးကိုယူ၍ ဖုံးလေ၏။

66 ကျွန်သည်လည်း၊ မိမိပြုလေသမျှတို့ကို ဣဇာက်အားကြားပြောပြီးမှ၊

67 ဣဇာက်သည် မိမိအမိစာရာ၏တဲသို့ ရေဗက္ကကိုဆောင်ယူ၍ စုံဘက်လေ၏။ ရေဗက္ကကိုချစ်နှစ်မြို့သဖြင့်၊ အမိသေသောအမှု၌ သက်သာခြင်းသို့ရောက်လေ၏။