ကမ္ဘာ​ဦး 27:1-7 BJB

1 ထိုနောက် ဣဇာက်သည်အို၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ၊ သားအကြီးဧသောကို၊ ငါ့သားဟုခေါ်လျှင်၊ အကျွန်ုပ်ရှိပါ၏ဟု ထူးလေ၏။

2 အဘကလည်း၊ ယခုငါအိုလှပြီ။ အဘယ်သောအခါ သေရမည်ကို ငါမသိ။

3 မသေမှီ ငါ့ဝိညာဉ်သည် သင့်ကိုကောင်းကြီးပေးမည်အကြောင်း၊ သင်၏လက်နက်တည်းဟူသော လေးနှင့်မြှားတောင့်ကိုဆောင်ယူလျက် တောသို့သွား၍၊ ငါစားစရာဘို့ အမဲကောင်ကိုရအောင်ရှာပြီးလျှင်၊

4 ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကိုချက်၍ ငါ့ထံသို့ယူခဲ့ပါလော့ဟု ပြောဆို၏။

5 ထိုသို့ ဣဇာက်သည် သားဧသောအားပြောဆိုသောစကားကို၊ ရေဗက္ကကြားသည်ဖြစ်၍၊ ဧသောသည် အမဲသားကိုရအောင်တောသို့ အရှာသွားစဉ်တွင်၊

6 ရေဗက္ကသည် သားယာကုပ်ကိုခေါ်၍၊

7 သင်၏အဘက၊ ငါမသေမှီ ထာဝရဘုရား၏ရှေ့တော်မှာ သင့်ကို ငါကောင်းကြီးပေးမည်အကြောင်း၊ ငါစားစရာဘို့ အမဲသားကိုယူခဲ့၍၊ အမဲဟင်းလျာကို ချက်ပါဟု သင်၏အစ်ကိုဧသောအား ပြောသည်ကို ငါကြားပြီ။