11 ယာကုပ်ကလည်း၊ ကျွန်ုပ်အစ်ကိုဧသောကား အမွေးရှိသောသူ၊ ကျွန်ုပ်ကားချောမွတ်သောသူဖြစ်၏။
12 ကျွန်ုပ်အဘသည် ကျွန်ုပ်ကို စမ်းသပ်ကောင်းစမ်းသပ်လိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်ကိုလှည့်စားသောသူဟူ၍ထင်သဖြင့်၊ ကျွန်ုပ်သည် မင်္ဂလာကိုမရဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာခံရလိမ့်မည်ဟု အမိကိုဆိုလေ၏။
13 အမိရေက္ကေကလည်း၊ ငါ့သား၊ သင်ခံရသောကျိန်ခြင်းအမင်္ဂလာသည် ငါ၌သင့်ရောက်ပါစေ။ ငါ့စကားကိုနားထောင်၍ ဆိတ်သငယ်တို့ကိုသာယူခဲ့ပါဟု ဆိုသည်အတိုင်း၊
14 သူသည်သွား၍ ဆိတ်သငယ်တို့ကို အမိထံသို့ ယူခဲ့သဖြင့်၊ အမိသည်လည်း အဘမြိန်ရှက်တတ်သောအမဲဟင်းလျာကို ချက်လေ၏။
15 ထိုအခါရေဗက္ကသည် အိမ်တွင် မိမိလက်၌ရှိသော သားကြီးဧသော၏အဝတ်၊ ကောင်းမွန်သောအဝတ်ကိုယူ၍၊ သားငယ်ယာကုပ်ကို ဝတ်စေလျက်၊
16 ဆိတ်သငယ်၏သားရေကိုလည်းယူ၍ သူ၏လက်၌၎င်း၊ လည်ပင်းချောသော ဘက်၌၎င်း ဆင်ယင်ပြီးလျှင်၊
17 မိမိချက်သောအမဲဟင်းနှင့်မုန့်ကို သားယာကုပ်လက်၌အပ်ပေး၏။