38 ဧသောက၊ အိုအဘ၊ ကောင်းကြီးမင်္ဂလာ တစုံတခုမျှမရှိပါသလော၊ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့၊ ပေးပါလော့ဟု အဘအားပြောဆိုလျက်၊ တဖန်အသံကိုလွှင့်၍ ငိုကြွေးလေ၏။
39 အဘဣဇာက်ကလည်း၊ ကြည့်ရှုပါ။ သင်၏နေရာသည် မြေကြီး၏ဆီဥနှင့်၎င်း၊ အထက်မိုယ်းကောင်းကင်၏နှင်းနှင့်၎င်း ပြည့်စုံလိမ့်မည်။
40 ထားဖြင့်အသက်ကိုမွေးရလိမ့်မည်။ ညီ၌ ကျွန်ခံရလိမ့်မည်။ နောက်တဖန် အစိုးရသောအခါ၊ သူတင်သောထမ်းဘိုးကို သင်၏လည်ပင်းမှချိုးပယ်လိမ့်မည်ဟု ပြန်၍ဆိုလေ၏။
41 အဘသည် ယာကုပ်အားပေးသော ကောင်းကြီးမင်္ဂလာကြောင့်၊ ဧသောသည် ယာကုပ်ကိုအငြိုးထား၍၊ ငါ့အဘကြောင့် ညည်းတွားရသောနေ့ရက်ကာလ အချိန် နီးပြီ။ ထိုအခါ ငါ့ညီယာကုပ်ကိုငါသတ်မည်ဟု၊ အကြံနှင့်ပြောလေ၏။
42 ထိုသို့သားကြီး ဧသောပြောသောစကားကို အမိေရဗက္ကကြားလျှင်၊ သားငယ်ယာကုပ်ကိုခေါ်၍၊ သင်၏အစ်ကိုဧသောသည် သင့်ကိုသတ်သဖြင့်၊ သင့်အမှု၌စိတ်ပြေလိမ့်မည်။
43 ထိုကြောင့်၊ ငါ့သား၊ ငါ့စကားကို နားထောင်ပါ။ ငါ့မောင်လာဗန် နေရာခါရန်မြို့သို့ထ၍ ပြေးသွားပါလော့။
44 သင်၏အစ်ကိုစိတ်ပြေသည်တိုင်အောင်၊ သူ့ထံမှာ ခဏရှောင်၍နေပါလော့။