ကမ္ဘာ​ဦး 27:4-10 BJB

4 ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကိုချက်၍ ငါ့ထံသို့ယူခဲ့ပါလော့ဟု ပြောဆို၏။

5 ထိုသို့ ဣဇာက်သည် သားဧသောအားပြောဆိုသောစကားကို၊ ရေဗက္ကကြားသည်ဖြစ်၍၊ ဧသောသည် အမဲသားကိုရအောင်တောသို့ အရှာသွားစဉ်တွင်၊

6 ရေဗက္ကသည် သားယာကုပ်ကိုခေါ်၍၊

7 သင်၏အဘက၊ ငါမသေမှီ ထာဝရဘုရား၏ရှေ့တော်မှာ သင့်ကို ငါကောင်းကြီးပေးမည်အကြောင်း၊ ငါစားစရာဘို့ အမဲသားကိုယူခဲ့၍၊ အမဲဟင်းလျာကို ချက်ပါဟု သင်၏အစ်ကိုဧသောအား ပြောသည်ကို ငါကြားပြီ။

8 သို့ဖြစ်၍ ငါ့သား၊ ငါမှာထားသမျှသော စကားကို နားထောင်ပါလော့။

9 ယခုဆိတ်စုရှိရာသို့ သွား၍၊ ကောင်းသော ဆိတ်သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့ပါလော့။ သင်၏အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည်။

10 သင်၏အဘမသေမှီ သင့်ကို ကောင်းကြီးပေးမည်အကြောင်း၊ ထိုအစာကို အဘစားစေခြင်းငှါ သင်သည် အဘထံသို့ပို့ဆောင်ရမည်ဟု ဆိုလေ၏။