41 အဘသည် ယာကုပ်အားပေးသော ကောင်းကြီးမင်္ဂလာကြောင့်၊ ဧသောသည် ယာကုပ်ကိုအငြိုးထား၍၊ ငါ့အဘကြောင့် ညည်းတွားရသောနေ့ရက်ကာလ အချိန် နီးပြီ။ ထိုအခါ ငါ့ညီယာကုပ်ကိုငါသတ်မည်ဟု၊ အကြံနှင့်ပြောလေ၏။
42 ထိုသို့သားကြီး ဧသောပြောသောစကားကို အမိေရဗက္ကကြားလျှင်၊ သားငယ်ယာကုပ်ကိုခေါ်၍၊ သင်၏အစ်ကိုဧသောသည် သင့်ကိုသတ်သဖြင့်၊ သင့်အမှု၌စိတ်ပြေလိမ့်မည်။
43 ထိုကြောင့်၊ ငါ့သား၊ ငါ့စကားကို နားထောင်ပါ။ ငါ့မောင်လာဗန် နေရာခါရန်မြို့သို့ထ၍ ပြေးသွားပါလော့။
44 သင်၏အစ်ကိုစိတ်ပြေသည်တိုင်အောင်၊ သူ့ထံမှာ ခဏရှောင်၍နေပါလော့။
45 သင်၏အစ်ကိုစိတ်ပြေ၍၊ သင်သည် သူ၌ပြုသောအမှုကို သူမေ့လျော့သောအခါ၊ ငါမှာလိုက်၍၊ ထိုအရပ်မှသင့်ကို ဆောင်ခဲ့စေမည်။ ငါ့သားနှစ်ယောက်လုံးကို တနေ့ခြင်းတွင် အဘယ်ကြောင့်ငါရှုံးရမည်နည်းဟု ဆိုလေ၏။
46 တဖန်ရေဗက္ကသည် ဣဇာက်ထံသို့သွား၍၊ ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့်၊ ကိုယ်အသက်ကို ငြီးငွေ့လှ၏။ ဤပြည်သူသမီးကဲ့သို့သောသူ၊ ဟေသအမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဘက်ပြုလျှင်၊ ကျွန်မအသက်ရှင်၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်းဟု ပြောဆိုလေ၏။