ကမ္ဘာ​ဦး 27:5-11 BJB

5 ထိုသို့ ဣဇာက်သည် သားဧသောအားပြောဆိုသောစကားကို၊ ရေဗက္ကကြားသည်ဖြစ်၍၊ ဧသောသည် အမဲသားကိုရအောင်တောသို့ အရှာသွားစဉ်တွင်၊

6 ရေဗက္ကသည် သားယာကုပ်ကိုခေါ်၍၊

7 သင်၏အဘက၊ ငါမသေမှီ ထာဝရဘုရား၏ရှေ့တော်မှာ သင့်ကို ငါကောင်းကြီးပေးမည်အကြောင်း၊ ငါစားစရာဘို့ အမဲသားကိုယူခဲ့၍၊ အမဲဟင်းလျာကို ချက်ပါဟု သင်၏အစ်ကိုဧသောအား ပြောသည်ကို ငါကြားပြီ။

8 သို့ဖြစ်၍ ငါ့သား၊ ငါမှာထားသမျှသော စကားကို နားထောင်ပါလော့။

9 ယခုဆိတ်စုရှိရာသို့ သွား၍၊ ကောင်းသော ဆိတ်သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့ပါလော့။ သင်၏အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည်။

10 သင်၏အဘမသေမှီ သင့်ကို ကောင်းကြီးပေးမည်အကြောင်း၊ ထိုအစာကို အဘစားစေခြင်းငှါ သင်သည် အဘထံသို့ပို့ဆောင်ရမည်ဟု ဆိုလေ၏။

11 ယာကုပ်ကလည်း၊ ကျွန်ုပ်အစ်ကိုဧသောကား အမွေးရှိသောသူ၊ ကျွန်ုပ်ကားချောမွတ်သောသူဖြစ်၏။