ကမ္ဘာ​ဦး 28:2-8 BJB

2 အမိ၏အဘ ဗေသွေလအမျိုးသားနေရာ ပါဒနာရံအရပ်သို့ ထ၍ သွားလော့။ သင့်ဦးရီးလာဗန်၏သမီးတစုံတယောက်နှင့် အိမ်ထောင်ဘက်ပြုလော့။

3 အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကြီးပေး၍ တိုးပွားစေသဖြင့်၊ သင်သည် အမျိုးကြီးဖြစ်မည်အကြောင်းနှင့် များပြားစေတော်မူစေသတည်း။

4 အထက်က အာဗြဟံအားပေးတော်မူ၍၊ သင် ယခုဧည့်သည်ဖြစ်လျက်နေသော ဤပြည်ကို၊ သင်အမွေခံရမည်အကြောင်း၊ သင့်အား၎င်း၊ သင်၏အမျိုးအနွယ် အား၎င်း၊ အာဗြဟံ၏ကောင်းကြီးမင်္ဂလာကို ပေးတော်မူစေသတည်းဟု ကောင်းကြီးပေးလျက်မှာထား၍ လွှတ်လိုက်လေ၏။

5 ထိုသို့ယာကုပ်နှင့် ဧသော၏ အမိ၊ ရေက္ကေ၏မောင်၊ ရှုရိလူဗေသွေလသား လာဗန်နေရာ ပါဒနာရံပြည်သို့ ယာကုပ်သွားလေ၏။

6 ထိုသို့ ဣဇာက်သည် ယာကုပ်ကို ကောင်းကြီးပေး၍၊ ပါဒနာရံပြည်၌ အိမ်ထောင်ဘက်ပြုစေခြင်းငှါ လွှတ်လိုက်သောအကြောင်းကို၎င်း၊ ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရဟု၊ ကောင်းကြီးပေးသောအခါ မှာထားကြောင်းကို၎င်း၊

7 ယာကုပ်သည်မိဘစကားကို နားထောင်၍၊ ပါဒနာရံပြည်သို့သွားကြောင်းကို၎င်း၊

8 ခါနာန်အမျိုးသမီးတို့ကို အဘဣဇာက်မနှစ်သက်ကြောင်းကို၎င်း၊ ဧသောသိမြင်လျှင်၊