ကမ္ဘာ​ဦး 28:5-11 BJB

5 ထိုသို့ယာကုပ်နှင့် ဧသော၏ အမိ၊ ရေက္ကေ၏မောင်၊ ရှုရိလူဗေသွေလသား လာဗန်နေရာ ပါဒနာရံပြည်သို့ ယာကုပ်သွားလေ၏။

6 ထိုသို့ ဣဇာက်သည် ယာကုပ်ကို ကောင်းကြီးပေး၍၊ ပါဒနာရံပြည်၌ အိမ်ထောင်ဘက်ပြုစေခြင်းငှါ လွှတ်လိုက်သောအကြောင်းကို၎င်း၊ ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရဟု၊ ကောင်းကြီးပေးသောအခါ မှာထားကြောင်းကို၎င်း၊

7 ယာကုပ်သည်မိဘစကားကို နားထောင်၍၊ ပါဒနာရံပြည်သို့သွားကြောင်းကို၎င်း၊

8 ခါနာန်အမျိုးသမီးတို့ကို အဘဣဇာက်မနှစ်သက်ကြောင်းကို၎င်း၊ ဧသောသိမြင်လျှင်၊

9 ဣရှမေလထံသို့သွား၍ အထက်မယားတို့မှတပါး၊ အာဗြဟံသား ဣရှမေလသမီး၊ နဗာယုတ်နှမ၊ မဟာလတ်နှင့် တဖန်အိမ်ထောင်ဘက်ပြုပြန်လေ၏။

10 ယာကုပ်သည် ဗေရရှေဘရွာမှထွက်၍၊ ခါရန်ပြည်သို့ခရီးသွားစဉ်တွင်၊

11 တစုံတခုသောအရပ်သို့ရောက်၍၊ မိုဃ်းချုပ်သောကြောင့်၊ ညဉ့်ကို လွန်စေမည်အကြံရှိသည်နှင့်၊ ထိုအရပ်၌ ကျောက်ကိုယူ၍ ခေါင်းအုံးဘို့ထားပြီးလျှင် အိပ်လေ၏။