ကမ္ဘာ​ဦး 30:1-7 BJB

1 ရာခေလသည် ယာကုပ်အား သားမဘွားကြောင်းကို မိမိသိမြင်သောအခါ၊ အစ်မကို ငြူစူသောစိတ်ရှိ၍၊ ငါ့အား သားကိုပေးပါ။ သို့မဟုတ် ငါသေတော့အံ့ဟု ယာကုပ်ကို ဆိုလေ၏။

2 ယာကုပ်ကလည်း၊ ငါသည် သင့်အား သားဘွားသောအခွင့်ကို ပေးတော်မမူသော ဘုရားသခင် ကိုယ်စားတော်ဖြစ်သလောဟု၊ ရာခေလကို အမျက်ထွက်၍ပြန်ဆို၏။

3 ရာခေလကလည်း၊ အကျွန်ုပ်၌ ကျွန်မဗိလဟာရှိပါ၏။ သူ့ထံသို့ဝင်ပါ။ သူသည် အကျွန်ုပ်ဒူးပေါ်မှာ သားဘွား၍၊ သူ့အားဖြင့်အကျွန်ုပ်သည် တည်ဆောက် ခြင်းရှိပါလိမ့်မည်ဟုဆိုလျက်၊

4 ကျွန်မဗိလဟာကို ယာကုပ်၏မယားဖြစ်စေခြင်းငှါအပ်၍၊ သူ့ထံသို့ ယာကုပ်ဝင်လေ၏။

5 ဗိလဟာသည် ပဋိသန္ဓေယူ၍၊ ယာကုပ်အား သားကိုဘွားမြင်သည်ရှိသော်၊

6 ရာခေလက၊ ဘုရားသခင်သည် ငါ့ဘက်၌တရားစီရင်တော်မူပြီ။ ငါ့စကားကိုကြား၍ သားကိုပေးသနားတော်မူပြီဟု ဆိုသည်နှင့်အညီ၊ ထိုသားကို ဒန် အမည်ဖြင့်မှည့်လေ၏။

7 တဖန် ရာခေလ၏ကျွန်မဗိလဟာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား နှစ်ကြိမ်မြောက်သောသားကိုဘွားမြင်သည်ရှိသော်၊