ကမ္ဘာ​ဦး 30:24-30 BJB

24 ထာဝရဘုရားသည် အခြားသောသားကိုထပ်၍ ပေးတော်မူပါစေသောဟူ၍၎င်းဆိုလျက်၊ ထိုသားကိုယောသပ်အမည်ဖြင့် မှည့်လေ၏။

25 ရာခေလသည် ယောသပ်ကို ဘွားမြင်ပြီးသောနောက်၊ ယာကုပ်က၊ အကျွန်ုပ်သည် ကိုယ်နေရင်းပြည်သို့သွားမည်အကြောင်း အကျွန်ုပ်ကိုလွှတ်ပါလော့။

26 ကျွန်ုပ်သည်အစေခံ၍ရသော မယားနှင့်သားတို့ကိုဆောင်ယူ၍၊ သွားရသောအခွင့်ကိုပေးပါလော့။ ကျွန်ုပ်အစေခံသည်အကြောင်းကို အဘသိပါသည်ဟု လာဗန်အားဆိုလျှင်၊

27 လာဗန်က၊ သင်၏စိတ်နှင့်တွေ့ပါစေ။ ထာဝရဘုရားသည် သင်၏အကြောင်းကြောင့် ငါ့အားကောင်းကြီးပေးတော်မူသည်ကို ငါရိပ်မိပြီ။

28 ငါပေးရမည်အခကိုပြောပါ၊ ငါပေးမည်ဟု ဆိုလေသော်၊

29 ကျွန်ုပ်သည် အဘ၌အဘယ်သို့ အစေခံသည်ကို၎င်း အဘ၏တိရစ္ဆာန်တို့သည် ကျွန်ုပ်၌အဘယ်သို့ရှိနေသည်ကို၎င်း အဘသိပါ၏။

30 အထက်က အဘ၏ဥစ္စာနည်းလှ၏။ ယခုတိုးပွါး၍ များပြားလျက်ရှိ၏။ ကျွန်ုပ်သွားလာလုပ်ကိုင်သောအားဖြင့်၊ ထာဝရဘုရားသည် အဘအား ကောင်းကြီးပေးတော်မူပြီ။ ယခုမှာ၊ ကျွန်ုပ်သည် ကိုယ်အိမ်သူအိမ်သားတို့ကို အဘယ်သောအခါ ကျွန်ုပ်ပြုစုရပါအံ့နည်းဟု ဆိုလေ၏။