ကမ္ဘာ​ဦး 30:33-39 BJB

33 သို့ဖြစ်၍၊ နောင်ကာလ၌ကျွန်ုပ်၏အခသည်၊ အဘရှေ့သို့ရောက်သောအခါ၊ ကျွန်ုပ်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်ကိုစောင့်ရှောက်ပါလိမ့်မည်။ မပြောက် မကျားသောဆိတ်၊ မညိုသောသိုးရှိသမျှတို့ကို၊ ကျွန်ုပ်ခိုးသောအကောင်ဟူ၍ မှတ်စေလော့ဟု ဆိုလေ၏။

34 လာဗန်ကလည်း၊ သင်ပြောတိုင်းဖြစ်လော့ဟုဝန်ခံ၍၊ ထိုနေ့၌ပင်၊ ပြောက်ကျားသောဆိတ်ထီး၊ ပြောက်ကျားသောဆိတ်မ၊

35 အဖြူပါသောဆိတ်ရှိသမျှတို့နှင့်၊ အဆင်းညိုသော သိုးရှိသမျှတို့ကိုရွေး၍၊ မိမိသားတို့လက်သို့ အပ်ပေးလေ၏။

36 ကိုယ်နေရာအရပ်နှင့်၊ ယာကုပ်နေရာအရပ်ကို သုံးရက်ခရီးကွာစေခြင်းငှါ စီရင်သေး၏။ ယာကုပ်သည် ကြွင်းသောလာဗန်၏သိုးဆိတ်များကိုထိန်းလျက် နေရ လေ၏။

37 ထိုအခါယာကုပ်သည်၊ စိမ်းသောလိဗနာပင်၊ လုဇပင်၊ အာရမုန်ပင်တို့၏ အခက်တံဖျားများကိုယူ၍၊ အဖြူ၊ အစိမ်း၊ အတန့်တန့်ပေါ်အောင် အခွံကိုလှီးခွာ ပြီးလျှင်၊

38 ရေသောက်လာသောသိုး၊ ဆိတ်အထီးအမရှက်တင်စေမည်အကြံရှိ၍၊ ရေသောက်လာသောအခါ၊ အခွံခွာပြီးသောတံဖျာတို့ကို ရေသောက်ကျင်း၊ သောက်ခွက်တို့၌ သိုးဆိတ်တို့ရှေ့မှာ စိုက်ထားလေ၏။

39 သိုးဆိတ်တို့သည် တံဖျာများရှေ့မှာရှက်တင်၍၊ အပြောက်အကျား စသည်တို့ကို ဘွားကြ၏။