ကမ္ဘာ​ဦး 30:7-13 BJB

7 တဖန် ရာခေလ၏ကျွန်မဗိလဟာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား နှစ်ကြိမ်မြောက်သောသားကိုဘွားမြင်သည်ရှိသော်၊

8 ရာခေလက၊ ငါသည် ငါ့အစ်မနှင့်ကျပ်ကျပ်လုံးထွေး၍ နိုင်ခဲ့ပြီဟုဆို၍၊ ထိုသားကို နဿလိအမည်ဖြင့်မှည့်လေ၏။

9 လေအာသည်သားပြတ်၍ မဘွားဘဲနေကြောင်းကို မိမိသိမြင်သောအခါ၊ မိမိကျွန်မဇိလပကိုယူ၍၊ ယာကုပ်၏မယားဖြစ်စေခြင်းငှါ အပ်လေ၏။

10 လေအာ၏ကျွန်မဇိလပသည်လည်း ယာကုပ်အား သားကိုဘွားမြင်သည်ရှိသော်၊

11 လေအာက၊ ကောင်းကျိုးလာသည်ဟုဆို၍၊ ထိုသားကို ဂဒ်အမည်ဖြင့် မှည့်လေ၏။

12 တဖန်လေအာ၏ ကျွန်မဇိလပသည် ယာကုပ်အား နှစ်ကြိမ်မြောက်သောသားကို ဘွားမြင်သည်ရှိသော်၊

13 လေအာက၊ ငါ၌မင်္ဂလာရှိ၏။ လူသမီးတို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်ဟု ဆိုသဖြင့်၊ ထိုသားကို အာရှာအမည်ဖြင့်မှည့်လေ၏။