ကမ္ဘာ​ဦး 30:8-14 BJB

8 ရာခေလက၊ ငါသည် ငါ့အစ်မနှင့်ကျပ်ကျပ်လုံးထွေး၍ နိုင်ခဲ့ပြီဟုဆို၍၊ ထိုသားကို နဿလိအမည်ဖြင့်မှည့်လေ၏။

9 လေအာသည်သားပြတ်၍ မဘွားဘဲနေကြောင်းကို မိမိသိမြင်သောအခါ၊ မိမိကျွန်မဇိလပကိုယူ၍၊ ယာကုပ်၏မယားဖြစ်စေခြင်းငှါ အပ်လေ၏။

10 လေအာ၏ကျွန်မဇိလပသည်လည်း ယာကုပ်အား သားကိုဘွားမြင်သည်ရှိသော်၊

11 လေအာက၊ ကောင်းကျိုးလာသည်ဟုဆို၍၊ ထိုသားကို ဂဒ်အမည်ဖြင့် မှည့်လေ၏။

12 တဖန်လေအာ၏ ကျွန်မဇိလပသည် ယာကုပ်အား နှစ်ကြိမ်မြောက်သောသားကို ဘွားမြင်သည်ရှိသော်၊

13 လေအာက၊ ငါ၌မင်္ဂလာရှိ၏။ လူသမီးတို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်ဟု ဆိုသဖြင့်၊ ထိုသားကို အာရှာအမည်ဖြင့်မှည့်လေ၏။

14 ထိုနောက်၊ ဂျုံစပါးကို စုသိမ်းသောအချိန်ကာလ၌၊ ရုဗင်သည် လယ်ပြင်သို့ထွက်သွားပြီးလျှင်၊ အနုဆေးသီးကိုတွေ့၍၊ မိမိအမိလေအာထံသို့ ဆောင်ခဲ့လေ၏။ ရာခေလကလည်း၊ သင်၏သားရခဲ့သော အနုဆေးသီးအချို့ကို ပေးပါလော့ဟု၊ လေအာကိုတောင်းလျှင်၊