ကမ္ဘာ​ဦး 31:1-5 BJB

1 ထိုအခါ လာဗန်သားတို့က၊ ငါတို့သခင်၏ဥစ္စာရှိသမျှကို ယာကုပ်သည် ယူသွားလေပြီတကား၊ ငါတို့အဘ၏ဥစ္စာအားဖြင့်၊ သူ၌ဤမည်သော စည်းစိမ်ရှိသမျှသည်ဖြစ်လေပြီဟု၊ ဆိုကြသည်ကိုယာကုပ်ကြား၍၊

2 လာဗန်၏ မျက်နှာကိုကြည့်သောအခါ၊ ရှေ့ကကဲ့သို့မဟုတ်၊ ခြားနားသည်ကို သိမြင်၏။

3 ထာဝရဘုရားကလည်း၊ သင်၏ဘိုးဘနေသောပြည်၊ သင်၏အမျိုးသားချင်းထံသို့ ပြန်သွားလော့။ ငါသည် သင့်ဘက်၌ရှိနေမည်ဟု ယာကုပ်အားမိန့်တော်မူ၏။

4 ယာကုပ်သည် လူကိုစေလွှတ်၍၊ ရာခေလနှင့်လေအာကို၊ သိုးစုရှိရာတောသို့ ခေါ်ပြီးလျှင်၊

5 သင်တို့အဘ၏မျက်နှာသည် ငါ၌ရှေ့ကကဲ့သို့မဟုတ်၊ ခြားနားသည်ကို ငါသိမြင်၏။ သို့သော်လည်း၊ ငါ့အဘ၏ဘုရားသခင်သည်၊ ငါ့ဘက်၌ရှိတော်မူ၏။