ကမ္ဘာ​ဦး 31:32-38 BJB

32 သင်၏ဘုရားတို့ကိုမူကား၊ အကြင်သူ၌တွေ့လျှင်၊ ထိုသူကိုသေစေလော့။ ကျွန်ုပ်တို့ ညီအစ်ကိုများရှေ့တွင်၊ သင်၏ဥစ္စာကိုပြညွှန်၍ယူပါလော့ဟု၊ လာဗန်အား ပြန်ပြော၏။ ရာခေလခိုးကြောင်းကိုယာကုပ်မသိ။

33 လာဗန်သည် ယာကုပ်တဲ၊ လေအာတဲ၊ ကျွန်မနှစ်ယောက်တို့၏တဲသို့ဝင်၍ ရှာသော်လည်းမတွေ့လျှင်၊ လေအာတဲထဲမှထွက်၍၊ ရာခေလတဲသို့ဝင်လေ၏။

34 ရာခေလသည်၊ ထိုရုပ်တုတို့ကိုယူ၍ ကုလားအုပ်ကုန်းနှီးတန်ဆာထဲသို့ သွင်းထားပြီးလျှင်၊ ထိုတန်ဆာပေါ်မှာထိုင်လျက်နေ၏။ လာဗန်သည် တတဲလုံးကို ရှာဖွေ၍မတွေ့လျှင်၊

35 ရာခေလက၊ သခင်ရှေ့မှာကျွန်မမထနိုင်သည်ဖြစ်၍၊ စိတ်ရှိတော်မမူပါနှင့်။ မိန်းမတို့၌ဖြစ်မြဲရှိသည်အတိုင်း၊ ကျွန်မ၌ဖြစ်ပါသည်ဟု အဘအားဆိုလေ၏။ ထိုသို့လာဗန်သည်ရှာဖွေ၍ ရုပ်တုတို့ကိုမတွေ့ရ။

36 ထိုအခါ ယာကုပ်သည်စိတ်ဆိုး၍ လာဗန်ကိုဆုံးမသည်ကား၊ ကျွန်ုပ်သည် အဘယ်သို့ပြစ်မှား၍၊ အဘယ်အပြစ်ရှိသောကြောင့်၊ ကျွန်ုပ်ကို ဤမျှလောက် ပြင်းထန်စွာလိုက်ရသနည်း။

37 ကျွန်ုပ်ဥစ္စာရှိသမျှကိုရှာဖွေသည်ဖြစ်၍၊ သင်၏ဥစ္စာပရိကံ တစုံတခုကို တွေ့မိလျှင်၊ သင်၏ညီအစ်ကို၊ ကျွန်ုပ်ညီအစ်ကိုတို့ရှေ့တွင်၊ ဤအရပ်၌ထားပါ။ သူတို့ သည်၊ ငါတို့နှစ်ယောက်စပ်ကြားမှာစီရင်ပါစေ။

38 ကျွန်ုပ်သည် သင့်ထံ၌ အနှစ်နှစ်ဆယ်ပတ်လုံးနေရာတွင်၊ သင်၏သိုးမ၊ ဆိတ်မတို့သည်ဝမ်းပိုးမပျက်။ ဆိတ်ထီး၊ သိုးထီးတို့ကိုကျွန်ုပ်မစား။