11 ကိုယ်တော်ထံသို့ရောက်သော ကျွန်တော်၏မင်္ဂလာကို ခံယူတော်မူပါ။ဘုရားသခင်သည်၊ ကျွန်တော်၌များစွာသောကျေးဇူးကို ပြုတော်မူပြီ။ ကျွန်တော်၌လုံလောက်အောင်ရှိပါ၏ဟူ၍ တိုက်တွန်းသောကြောင့် ခံယူလေ၏။
12 ဧသောကလည်း၊ ခရီးသွားကြစို့၊ သင့်ရှေ့မှာကျွန်ုပ်သွားမည်ဟုဆိုလျှင်၊
13 ယာကုပ်က၊ သခင်သိသည်အတိုင်း၊ ဤသူငယ်တို့သည် နုငယ်ပါ၏။ သားငယ်ပါသော သိုး၊ ဆိတ်၊ နွားမတို့သည်ကျွန်တော်၌ပါပါ၏။ တနေ့ခြင်းတွင် အနှင်လွန်လျှင်၊ ရှိသမျှတို့သည် သေကြပါလိမ့်မည်။
14 ထိုကြောင့်သခင်သည်၊ ကိုယ်တော်၏ကျွန်ရှေ့မှာ ကြွနှင့်တော်မူပါ။ ကျွန်တော်မူကား၊ ကျွန်တော်ဆောင်ခဲ့သော တိရစ္ဆာန်များ၊ သူငယ်များ၊ တတ်နိုင်သမျှအတိုင်း၊ သခင်နေရာစိရပြည်သို့ရောက်အောင်၊ တဖြည်းဖြည်း ပို့ဆောင်ပါမည်ဟု လျှောက်လေ၏။
15 ဧသောကလည်း၊ သို့ဖြစ်လျှင် အကျွန်ုပ်၌ပါသောသူအချို့တို့ကို ညီ၌ထားခဲ့ပါရစေဟုဆိုလျှင်၊ ယာကုပ်က၊ အဘယ်အကြောင်းရှိပါသနည်း။ သခင်၏ စိတ်တော်နှင့်တွေ့ပါစေဟု ပြန်ဆိုသော်၊
16 ဧသောသည်ထိုနေ့ခြင်းတွင် စိရပြည်သို့ခရီးသွား၍ ပြန်လေ၏။
17 ယာကုပ်လည်း၊ သုကုတ်အရပ်သို့ခရီးသွား၍၊ ကိုယ်နေဘို့အိမ်ကို၎င်း၊ တိရစ္ဆာန်များနေဘို့ တင်းကုပ်တို့ကို၎င်း၊ ဆောက်လေ၏။ ထို့ကြောင့် ထိုအရပ်ကို၊ သုကုတ်ဟူ၍ တွင်လေသတည်း။