ကမ္ဘာ​ဦး 33:14-20 BJB

14 ထိုကြောင့်သခင်သည်၊ ကိုယ်တော်၏ကျွန်ရှေ့မှာ ကြွနှင့်တော်မူပါ။ ကျွန်တော်မူကား၊ ကျွန်တော်ဆောင်ခဲ့သော တိရစ္ဆာန်များ၊ သူငယ်များ၊ တတ်နိုင်သမျှအတိုင်း၊ သခင်နေရာစိရပြည်သို့ရောက်အောင်၊ တဖြည်းဖြည်း ပို့ဆောင်ပါမည်ဟု လျှောက်လေ၏။

15 ဧသောကလည်း၊ သို့ဖြစ်လျှင် အကျွန်ုပ်၌ပါသောသူအချို့တို့ကို ညီ၌ထားခဲ့ပါရစေဟုဆိုလျှင်၊ ယာကုပ်က၊ အဘယ်အကြောင်းရှိပါသနည်း။ သခင်၏ စိတ်တော်နှင့်တွေ့ပါစေဟု ပြန်ဆိုသော်၊

16 ဧသောသည်ထိုနေ့ခြင်းတွင် စိရပြည်သို့ခရီးသွား၍ ပြန်လေ၏။

17 ယာကုပ်လည်း၊ သုကုတ်အရပ်သို့ခရီးသွား၍၊ ကိုယ်နေဘို့အိမ်ကို၎င်း၊ တိရစ္ဆာန်များနေဘို့ တင်းကုပ်တို့ကို၎င်း၊ ဆောက်လေ၏။ ထို့ကြောင့် ထိုအရပ်ကို၊ သုကုတ်ဟူ၍ တွင်လေသတည်း။

18 ထိုနောက်မှ၊ ရှေခင်မြို့သို့ ဘေးမဲ့ရောက်လေ၏။ ပါဒနာရံပြည်မှ ပြန်လာ၍၊ ခါနာန်ပြည်သို့ ရောက်သောလမ်းခရီးတွင်၊ ထိုမြို့ရှိသတည်း။ ထိုမြို့ရှေ့မှာတဲကို ဆောက်လေ၏။

19 တဲဆောက်ရာမြေအကွက်ကို ရှေခင်၏အဘ၊ ဟာမော်၏သားတို့တွင်၊ ငွေတပိဿာအဘိုးပေး၍ ဝယ်ရသတည်း။

20 ထိုအရပ်၌လည်း ယဇ်ပလ္လင်ကိုတည်ပြီးလျှင်၊ ဧလေလောဣသရေလဟူ၍သမုတ်လေ၏။