ကမ္ဘာ​ဦး 33:3-9 BJB

3 သူတို့ရှေ့မှာကိုယ်တိုင်လွန်သွား၍၊ ခုနစ်ကြိမ်တိုင်အောင် ဦးညွှတ်ပြပ်ဝပ်လျက်၊ အစ်ကိုအနီးသို့ ချဉ်းကပ်လေ၏။

4 ထိုအခါ ဧသောသည် ကြိုဆိုခြင်းငှါပြေးလာ၍၊ လည်ချင်းရှက်လျက်၊ ပိုက်ဘက်နမ်းရှုတ်ခြင်းကိုပြု၍၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ၏။

5 ထိုနောက်၊ မြော်ကြည့်၍၊ မိန်းမများ၊ သူငယ်များကိုမြင်လျှင်၊ သင်၌ပါသော ဤသူတို့သည်၊ အဘယ်သူနည်းဟုမေးသော်၊ ကိုယ်တော်၏ကျွန်အား၊ ဘုရား သခင်ပေးသနားတော်မူသော သူငယ်ဖြစ်ကြပါ၏ဟုပြန်ပြောပြီးမှ၊

6 ကျွန်မတို့သည်၊ မိမိတို့သားများနှင့်ချဉ်းကပ်၍ ဦးညွှတ်ကြ၏။

7 ထိုနောက်၊ လေအာသည်သူ၏သားများနှင့်ချဉ်းကပ်၍ ဦးညွှတ်ကြ၏။ ထိုနောက်၊ ယောသပ်နှင့်ရာခေလသည်ချဉ်းကပ်၍ ဦးညွှတ်ခြင်းကိုပြုကြ၏။

8 ဧသောကလည်း၊ ကျွန်ုပ်တွေ့သော တိရစ္ဆာန်စုအပေါင်းတို့သည်၊ အဘယ်သို့သောအရာနည်းဟုမေးလျှင်၊ သခင်၏စိတ်တော်နှင့် တွေ့စေခြင်းငှါ ဖြစ်ပါသည်ဟု ပြန်ပြော၏။

9 ဧသောကလည်း၊ ငါ့ညီ၊ ငါ၌လုံလောက်အောင်ရှိ၏။ သင်၏ဥစ္စာတို့ကို ယူထားဦးလော့ဟုဆို၏။