ကမ္ဘာ​ဦး 35:13-19 BJB

13 ထိုသို့ယာကုပ်နှင့်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာအရပ်မှ၊ ဘုရားသခင် တက်ကြွတော်မူ၏။

14 ဘုရားသခင်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာအရပ်၌၊ ယာကုပ်သည် ကျောက်တိုင်ကိုစိုက်၍၊ ကျောက်ဖျာပေါ်၌သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ဆီကို ၎င်းလောင်းလေ၏။

15 ဗျာဒိတ်တော်ကိုခံရသော ထိုအရပ်ကိုလည်း၊ ဗေသလဟူ၍ တဖန်သမုတ်ပြန်လေ၏။

16 ထိုနောက်တဖန် ဗေသလအရပ်မှ ခရီးသွားပြန်၍၊ ဧဖရတ်မြို့နှင့်နီးသောအခါ၊ ရာခေလသည် သားဘွားအံ့သောအချိန်ရောက်၍၊ ပြင်းစွာသောဝေဒနာကို ခံရ၏။

17 ထိုသို့ပြင်းစွာခံနေရစဉ်တွင်၊ ဝမ်းဆွဲက၊ မစိုးရိမ်နှင့်၊ သားယောက်ျားကို ရပြီဟုဆိုလေ၏။

18 ရာခေလသည်သေအံ့ဆဲဆဲရှိ၍၊ နံဝိညာဉ်ထွက်စဉ်အခါ၊ ထိုသားကို ဗေနောနိအမည်ဖြင့် မှည့်လေ၏။ အဘမူကား ဗင်္ယာမိန်အမည်ဖြင့်မှည့်သတည်း။

19 ရာခေလသေ၍၊ ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့သွားသောလမ်းခရီးတွင်၊ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။