ကမ္ဘာ​ဦး 36:13-19 BJB

13 ရွေလသားကား၊ နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။ ဤသူတို့သည် ဧသောမယား ဗာရှမတ်၏အနွယ်ဖြစ်သတည်း။

14 ဇိဘောင်သား အာန၏သမီး၊ ဧသောမယားအဟောလိဗာမဘွားသောသားကား၊ ယုရှ၊ ယာလံ၊ ကောရတည်း။

15 ဧသောသားတို့တွင် ဗိုလ်လုပ်သောသူဟူမူကား၊ သားဦးဧလိဖတ်၏သား ဗိုလ်တေမန်၊ ဗိုလ်ဩမရ၊ ဗိုလ်ဇေဖော၊ ဗိုလ်ကေနတ်၊

16 ဗိုလ်ဂါတံ၊ ဗိုလ်အာမလက်တည်း။ ဤဗိုလ်တို့သည်အာဒ၏အနွယ်၊ ဧဒုံပြည်၌ ဧလိဖတ်ရသောသားဖြစ်သတည်း။

17 ဧသောသားရွေလ၏သားကား၊ ဗိုလ်နာဟတ်၊ ဗိုလ်ဇေရ၊ ဗိုလ်ရှမ္မ၊ ဗိုလ်မိဇ္ဇတည်း။ ဤဗိုလ်တို့သည် ဧသောမယားဗာရှမတ်၏အနွယ်၊ ဧဒုံပြည်၌ ရွေလ ရသောသားဖြစ်သတည်း။

18 ဧသောမယား အဟောလိဗာမ၏သားကား၊ ဗိုလ်ယုရှ၊ ဗိုလ်ယာလံ၊ ဗိုလ်ကောရတည်း။ ဤဗိုလ်တို့သည် အာန၏သမီး၊ ဧသောမယား အဟောလိဗာမသား ဖြစ်သတည်း။

19 ဧဒုံအမည်ရှိသော ဧသော၏သားမြေးများ၊ သူတို့တွင် ဗိုလ်လုပ်သောသူများ၊ ဤသို့တည်း။