ကမ္ဘာ​ဦး 36:38-43 BJB

38 ရှောလမင်းသေ၍သူ၏အရာ၌၊ အာခဗော်သား ဗာလဟာနန်သည် မင်းပြုလေ၏။

39 အာခဗော်သားဗာလဟာနန်မင်းသေ၍ သူ၏အရာ၌ ဟာဒါသည်မင်းပြုလေ၏။ မြို့တော်ကား၊ ပေါမြို့တည်း။ မျောက်သားတော်ကား၊ မေဇဟပ်သမီး မာတရက်၏သမီးမဟေတဗေလတည်း။

40 ဧသောမှဆင်းသက်၍ မိမိအမျိုးအနွယ်၊ နေရာအရပ်၊ ခံရသောဘွဲ့နာမအလိုက်၊ ဗိုလ်လုပ်သောသူဟူမူကား၊ ဗိုလ်တိမနာ၊ ဗိုလ်အာလဝ၊ ဗိုလ်ယေသက်၊

41 ဗိုလ်အဟောလိဗာမ၊ ဗိုလ်ဧလာ၊ ဗိုလ်ပိနုန်၊

42 ဗိုလ်ကေနတ်၊ ဗိုလ်တေမန်၊ ဗိုလ်မိဗဇာ၊

43 ဗိုလ်မာဂဒျေလ၊ ဗိုလ်ဣရံတည်း။ ဤသူတို့သည်မိမိနေရာအရပ်၊ မိမိပိုင်သော ပြည်၌၊ ဧဒုံဗိုလ်များဖြစ်သတည်း။ ဧသောသည် ဧဒုံအမျိုးသားတို့၏အဘဖြစ်သတည်း။