ကမ္ဘာ​ဦး 36:6-12 BJB

6 ဧသောသည် မယားသားသမီးနှင့်တကွ၊ အိမ်သူအိမ်သားအပေါင်းတို့ကို၎င်း၊ သိုးနွားစသည်တို့နှင့် တိရစ္ဆာန်ရှိသမျှတို့ကို၎င်း၊ ခါနာန်ပြည်၌ရတတ်သော ဥစ္စာရှိသမျှတို့ကို၎င်းယူ၍၊ ညီယာကုပ်ထံမှ ပြောင်းသွားလေ၏။

7 အကြောင်းမူကား၊ ထိုသူနှစ်ပါးတို့သည် ဥစ္စာများလွန်းသောကြောင့် တရပ်တည်းမနေနိုင်ကြ။ သူတို့နေရာမြေသည်၊ သူတို့တိရစ္ဆာန်များကြောင့် မဆံ့နိုင်ရာ။

8 သို့ဖြစ်၍ ဧဒုံအမည်ရှိသောဧသောသည် စိရတောင်ပေါ်မှာနေလေ၏။

9 စိရတောင်ပေါ်မှာ ဧဒုံအမျိုးသားတို့၏အဘ ဧသော၏သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။

10 ဧသော၏သားတို့အမည်ကား၊ မယားအာဒဘွားသောသားဧလိဖတ်၊ မယားဗာရှမတ်ဘွားသောသားရွေလတည်း။

11 ဧလိဖတ်သားကား၊ တေမန်၊ ဩမရ၊ ဇေဖော၊ ဂါတံ၊ ကေနတ်တည်း။

12 ဧသောသားဧလိဖတ်၏မယားငယ်၊ တိမနဘွားသောသားကား၊ အာမလက်တည်း။ ဤသူတို့သည် ဧသောမယားအာဒ၏အနွယ်ဖြစ်သတည်း။