ကမ္ဘာ​ဦး 37:1-5 BJB

1 ယာကုပ်သည် မိမိအဘတည်းခိုရာခါနာန်ပြည်၌နေ၏။

2 ယာကုပ်အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများဟူမူကား၊ ယောသပ်သည် အသက်တဆယ်ခုနစ်နှစ်ရှိ၍၊ အစ်ကိုတို့နှင့်အတူ သိုးဆိတ်များကိုထိန်းလေ၏။ အဘ၏မယားဗိလဟာနှင့် ဇိလပ၏သားတို့နှင့်အတူနေ၍၊ သူတို့အပြစ်ကို အဘအား ကြားပြောတတ်၏။

3 ဣသရေလသည် အသက်ကြီးစဉ်အခါ သားယောသပ်ကိုရသောကြောင့်၊ အခြားသောသားအပေါင်းတို့ကိုချစ်သည်ထက် ယောသပ်ကိုသာ၍ချစ်၏။ အဆင်းအရောင်ထူးခြားသော အင်္ကျီကိုချုပ်၍ပေး၏။

4 အဘသည် မိမိသားအပေါင်းတို့တွင်၊ ယောသပ်ကိုသာ၍ချစ်ကြောင်းကို၊ အစ်ကိုတို့သည် သိမြင်သောအခါ၊ သူ့ကိုမုန်း၍ မေတ္တာစကားကိုသူ့အား မပြောနိုင်ကြ။

5 ယောသပ်သည် အိပ်မက်ကိုမြင်၍၊ အစ်ကိုတို့အားပြန်ပြောသဖြင့်၊ သူတို့သည် သာ၍မုန်းကြ၏။