ကမ္ဘာ​ဦး 37:17-23 BJB

17 ထိုသူက၊ ဤအရပ်မှထွက်သွားပြီ။ ဒေါသန်မြို့သို့သွားကြစို့ဟု သူတို့ပြောသံကို ကျွန်ုပ်ကြားခဲ့ပြီဟုဆို၏။ ယောသပ်သည်လည်း၊ အစ်ကိုတို့ကိုလိုက်ရှာ၍ ဒေါသန် မြို့မှာတွေ့လေ၏။

18 အနီးသို့မရောက်မှီအဝေး၌ရှိစဉ်ပင်၊ အစ်ကိုတို့သည်မြင်လျှင်၊ သတ်ခြင်းငှါတိုင်ပင်လျက်၊

19 ကြည့်လော့။ အိပ်မက်ဆရာလာပြီ။

20 ကိုင်ကြ။ သူ့ကိုသတ်၍ တစုံတခုသော တွင်းထဲသို့ ချပစ်ကြစို့။ ဆိုးသောသားရဲတစုံတခုကိုက်စားပြီဟု ပြောကြစို့။ ထိုသို့ပြုလျှင်၊ သူ၏ အိပ်မက်တို့သည် အဘယ်သို့နေရာကျမည်ကိုကြည့်ကြစို့ဟု အချင်းချင်း ပြောဆိုကြ၏။

21 ထိုစကားကိုရုဗင်ကြားလျှင်၊ သူ့ကို မသတ်ဘဲနေကြစို့ဟုဆိုလျက်၊ သူတို့လက်မှ ယောသပ်ကိုနှုတ်လေ၏။

22 တဖန်ရုဗင်က၊ သူ၏အသွေးကိုမသွန်းကြနှင့်။ ကိုယ်လက်နှင့်မပြုဘဲ၊ တော၌ ဤမည်သောတွင်းထဲသို့ချကြစို့ဟု သူတို့လက်မှ ယောသပ်ကိုနှုတ်ယူ၍၊ အဘ၌ တဖန် အပ်မည်အကြံရှိသည်နှင့်ဆိုလေ၏။

23 ယောသပ်သည် အစ်ကိုတို့ထံသို့ရောက်သော အခါ၊ သူဝတ်သောအင်္ကျီ၊ အဆင်းထူးခြားသောအင်္ကျီကိုချွတ်ပြီးမှ၊