ကမ္ဘာ​ဦး 37:28-34 BJB

28 ထိုအခါ၊ မိဒျန်အမျိုးသားကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကိုတွင်းထဲကဆွဲတင်ပြီးလျင်၊ ငွေအကျပ်နှစ်ဆယ်အဘိုးနှင့် ဣရှမေလလူတို့အားရောင်း၍၊ ထိုသူတို့သည် ယောသပ်ကိုအဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။

29 ရုဗင်သည်လည်း တွင်းသို့သွား၍၊ တွင်းထဲမှာယောသပ်မရှိသည်ကိုမြင်လျှင်၊ မိမိအဝတ်ကိုဆွဲဆုတ်လျက်၊

30 ညီတို့ရှိရာသို့သွား၍၊ သူငယ်မရှိပါတကား။ ငါသည် အဘယ်သို့သွားရပါ မည်နည်းဟု ဆိုလေ၏။

31 သူတို့သည်လည်း၊ ယောသပ်အင်္ကျီကိုယူ၍၊ ဆိတ်သငယ်ကိုသတ်ပြီးမှ၊ အင်္ကျီကိုအသွေး၌နှစ်လေ၏။

32 ထိုနောက်မှ၊ အဆင်းထူးခြားသောထိုအင်္ကျီကိုပေးလိုက်၍၊ အချို့တို့သည် အဘထံသို့ဆောင်ခဲ့လျက်၊ ဤအင်္ကျီကိုအကျွန်ုပ်တို့တွေ့ပါပြီ။ သား၏အင်္ကျီ ဟုတ်သည် မဟုတ်သည်ကိုကြည့်ပါဟုဆိုလျှင်၊

33 ထိုအင်္ကျီကိုအဘမှတ်မိ၍၊ ငါ့သား၏အင်္ကျီမှန်၏။ သူ့ကိုဆိုးသော သားရဲကိုက်စားပြီ။ အကယ်၍ယောသပ်ကို အပိုင်းပိုင်းကိုက်ဖြတ်ပါပြီတကားဟုဆိုလျက်၊

34 မိမိအဝတ်ကိုဆွဲဆုတ်၍၊ လျှော်တေအဝတ်ကိုပတ်စည်းသဖြင့်၊ အင်တန်ကာလပတ်လုံး၊ သားကြောင့် စိတ်မသာညည်းတွားလျက်နေလေ၏။