7 ကျွန်ုပ်တို့သည် လယ်၌ကောက်လှိုင်းကိုစည်း၍နေကြစဉ်တွင်၊ ကျွန်ုပ် ကောက်လှိုင်းသည်ထ၍ မတ်တတ်နေသဖြင့်၊ သင်တို့၏ကောက်လှိုင်းတို့သည် ဝိုင်း၍ရပ်လျက်၊ ကျွန်ုပ်ကောက်လှိုင်းကိုရှိခိုးကြသည်ဟု ပြောဆိုလေ၏။
8 အစ်ကိုတို့ကလည်း၊ သင်သည် ငါတို့၌မင်းပြုရလိမ့်မည်လော၊ ငါတို့ကို အစိုးရလိမ့်မည်လောဟု ပြန်ဆို၍၊ သူ၏အိပ်မက်နှင့် သူ၏စကားအကြောင်းကြောင့် သာ၍မုန်းကြ၏။
9 တဖန်အိပ်မက်ကိုမြင်ပြန်၍ အစ်ကိုတို့အား၊ အခြားသောအိပ်မက်ကို ကျွန်ုပ်မြင်ရပြီ။ နေ၊ လနှင့်တကွ၊ ကြယ်ဆယ်တလုံးတို့သည်၊ ကျွန်ုပ်ကိုရှိခိုးကြ၏ဟု ကြားပြောလေ၏။
10 ထိုသို့အဘနှင့် အစ်ကိုတို့အားကြားပြောသောအခါ၊ အဘက၊ သင်မြင်သောအိပ်မက်သည် အဘယ်သို့နည်း။ ငါနှင့်သင်၏အမိ၊ သင်၏ အစ်ကိုတို့သည် သင့်ထံသို့ စင်စစ်လာ၍ ဦးညွှတ်ချရမည်လောဟူ၍၊ သူ့ကိုဆုံးမလေ၏။
11 အစ်ကိုတို့သည် သူ့ကိုငြူစူကြ၏။ အဘသည် ထိုအရာကိုမှတ်လေ၏။
12 အစ်ကိုတို့သည် အဘ၏သိုးဆိတ်များကို ရှေခင်မြို့မှာထိန်းခြင်းငှါသွားကြ၏။
13 ဣသရေလသည်ယောသပ်ကိုခေါ်၍၊ သင်၏အစ်ကိုတို့သည် သိုးဆိတ်များကို ရှေခင်မြို့မှာ ထိန်းကြသည်မဟုတ်လော။ လာပါ။ သင့်ကို သူတို့ရှိရာသို့ ငါစေလွှတ်မည်ဟုခေါ်လျှင်၊ ကျွန်ုပ်ရှိပါသည်ဟုဆိုသော်၊