ကမ္ဘာ​ဦး 38:1-7 BJB

1 ထိုကာလအခါ ယုဒသည် ညီအစ်ကိုနေရာမှသွား၍၊ ဟိရအမည်ရှိသော၊ အဒုလံအမျိုးသားထံသို့ဝင်လေ၏။

2 ထိုအရပ်၌ ရှုအာအမည်ရှိသော၊ ခါနာန်အမျိုးသား၏သမီးကို တွေ့မြင်၍၊ အိမ်ထောင်ဘက်ပြုလျက်၊

3 ထိုမိန်းမသည် ပဋိသန္ဓေယူ၍ သားကိုဘွားမြင်၏။ ထိုသားကို ဧရအမည်ဖြင့် မှည့်လေ၏။

4 တဖန်ပဋိသန္ဓေယူပြန်၍ ဘွားမြင်သောသားကို ဩနန်အမည်ဖြင့်မှည့်လေ၏။

5 တဖန်ပဋိသန္ဓေယူပြန်၍ ဘွားမြင်သောသားကို ရှေလအမည်ဖြင့်မှည့်လေ၏။ ရှေလဘွားသောအခါ၊ အဘသည်ခေဇိပ်မြို့မှာရှိသတည်း။

6 ထိုနောက်မှ ယုဒသည် မိမိသားဦးဧရကို တာမာအမည်ရှိသော သတို့သမီးနှင့် စုံဘက်စေ၏။

7 ယုဒ၏သားဦးဧရသည် ထာဝရဘုရားရှေ့၌ဆိုးသောသူဖြစ်၍၊ သူ့ကိုထာဝရဘုရား ကွပ်မျက်တော်မူ၏။