22 ယုဒထံသို့ပြန်၍၊ ကျွန်ုပ်သည် ထိုမိန်းမကိုရှာ၍မတွေ့။ အရပ်သားတို့ကလည်း၊ ဤအရပ်၌ ပြည်တန်ဆာမ မရှိဟုဆိုကြောင်းကို ပြောလေ၏။
23 ယုဒကလည်း၊ ကျွန်ုပ်တို့သည်အရှက်မကွဲမည်အကြောင်း၊ ယူပါလေေစ။ ကြည့်ပါ။ ဤဆိတ်သငယ်ကိုကျွန်ုပ်ပေးလိုက်၍ သင်သည်မိန်းမကိုရှာ၍ မတွေ့ပါတကားဟုဆို၏။
24 ထိုနောက်သုံးလခန့်လွန်သည်ရှိသော်၊ သူတပါးက၊ သင်၏ချွေးမတာမာသည် ပြည်တန်ဆာလုပ်၍ မတရားသောမေထုန်ပြုသဖြင့် ကိုယ်ဝန်ဆောင်လျက် နေပြီတကားဟုယုဒအားပြောဆိုလျှင်၊ ယုဒက သူ့ကိုထုတ်၍မီးရှို့စေဟု စီရင်လေ၏။
25 ထုတ်သောအခါ၊ တာမာသည် တံဆိပ်၊ စလွယ်၊ တောင်ဝေးတို့ကို ယောက္ခမထံသို့ပို့စေ၍၊ ဤဥစ္စာကိုပိုင်သောသူအားဖြင့် ကျွန်မသည်ပဋိသန္ဓေယူပြီ။ ဤဥစ္စာတို့သည်အဘယ်သူ၏ဥစ္စာဖြစ်သည်ကို ကြည့်ပါလော့ဟုမှာလိုက်၏။
26 ထိုဥစ္စာကိုယုဒမှတ်မိ၍ သူ့အပြစ်ထက် ငါ့အပြစ်သာ၍ကြီးပေ၏။ သူ့အား ငါ့သားရှေလကို ငါမပေးစားဘဲနေမိပြီဟုပြောဆို၏။ နောက်တဖန် သူ့ကိုမချဉ်းကပ်ဘဲနေ၏။
27 ထိုနောက်တာမာသည် သားဘွားချိန်ရောက်လျှင်၊ ဝမ်းထဲတွင် သားနှစ်ယောက်ရှိ၏။
28 ဘွားစဉ်တွင် သားတယောက်သည် လက်ကိုထုတ်ဆန့်၍၊ ဝမ်းဆွဲက ဤသူငယ်သည် အရင်ဘွားလိမ့်မည်ဟုဆိုလျက် လက်ကိုကိုင်၍ နီသောကြိုးနှင့် စည်းလေ၏။