ကမ္ဘာ​ဦး 38:7-13 BJB

7 ယုဒ၏သားဦးဧရသည် ထာဝရဘုရားရှေ့၌ဆိုးသောသူဖြစ်၍၊ သူ့ကိုထာဝရဘုရား ကွပ်မျက်တော်မူ၏။

8 ထိုအခါ ယုဒသည်ဩနန်ကိုခေါ်ပြီးလျှင်၊ သင်၏အစ်ကိုမယားထံသို့ဝင်၍ သူနှင့်အိမ်ထောင်ဘက်ပြုသဖြင့်၊ အစ်ကိုအမျိုးကိုဆက်နွယ်လော့ဟုဆို၏။

9 ဩနန်သည်သားကိုရလျှင်မူကား၊ မိမိသားမမှတ်ရဟုသိ၍ အစ်ကိုအား သားကိုမပေးလိုဘဲ၊ အစ်ကိုမယားထံသို့ဝင်သောအခါ၊ သုတ်ရည်ကိုထုတ်၍ စွန့်လေ၏။

10 ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူသောကြောင့်၊ ဩနန်ကိုလည်း ကွပ်မျက်တော်မူ၏။

11 သားငယ်ရှေလသည် အစ်ကိုတို့သေသကဲ့သို့သေမည်ဟု ယုဒသည်စိုးရိမ်၍၊ မိမိချွေးမတာမာကိုခေါ်ပြီးလျှင်၊ ငါ့သားရှေလအကြီးမှီ သင်သည် သင့်အဘအိမ်၌ မုတ်ဆိုးမပြု၍နေပါဟုဆိုသည်အတိုင်း၊ တာမာသွား၍ မိမိအဘ၏အိမ်၌နေလေ၏။

12 ကာလအင်တန်ကြာသော်၊ ရှုအာသမီးဖြစ်သော ယုဒမယားလည်း သေလေ၏။ ယုဒသည်နှစ်သိမ့်ပြီးမှ၊ မိမိသိုးမွေးညှပ်သောသူတို့ရှိရာတိမနတ်မြို့သို့ မိမိအဆွေ အဒုလံအမျိုးဟိရနှင့်အတူ သွားလေ၏။

13 မိမိယောက္ခမသည် သိုးမွေးကိုညှပ်ခြင်းငှါ၊ တိမနတ်မြို့သို့သွားကြောင်းကို၊ တာမာကြားလျှင်၊