ကမ္ဘာ​ဦး 4:1-6 BJB

1 ထိုနောက်၊ လူအာဒံသည် မယားဧဝနှင့် ဆက်ဆံသဖြင့်၊ ဧဝသည် ပဋိသန္ဓေစွဲယူ၍၊ ကာဣနကိုဘွားမြင်လျှင်၊ ထာဝရဘုရား၏လူကိုငါရပြီဟု ဆိုလေ၏။

2 တဖန်သူ့ညီအာဗေလေကို ဘွားမြင်လေ၏။ အာဗေလကား သိုးထိန်းဖြစ်၏။ ကာဣနကားလယ်လုပ်သောသူဖြစ်၏။

3 အချိန်စေ့သောအခါ၊ ကာဣနသည် ထာဝရဘုရားထံပူဇော်သက္ကာဘို့၊ မြေအသီးကိုဆောင်ခဲ့၏။

4 အာဗေလသည်လည်း မိမိသိုးစုတွင် အဦးဘွားသောသားအချို့နှင့်၊ သိုးဆီဥကိုဆောင်ခဲ့၏။ ထာဝရဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကိုပမာဏ ပြုတော်မူ၏။

5 ကာဣနနှင့်သူ၏ ပူဇော်သက္ကာကိုပမာဏပြုတော်မမူ၊ ထိုကြောင့် ကာဣနသည်အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။

6 ထာဝရဘုရားကလည်း သင်သည် အဘယ်ကြောင့်စိတ်ဆိုးသနည်း။ အဘယ်ကြောင့် မျက်နှာပျက်သနည်း။