ကမ္ဘာ​ဦး 4:5-11 BJB

5 ကာဣနနှင့်သူ၏ ပူဇော်သက္ကာကိုပမာဏပြုတော်မမူ၊ ထိုကြောင့် ကာဣနသည်အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။

6 ထာဝရဘုရားကလည်း သင်သည် အဘယ်ကြောင့်စိတ်ဆိုးသနည်း။ အဘယ်ကြောင့် မျက်နှာပျက်သနည်း။

7 သင်သည်ကောင်းမွန်စွာပြုလျှင် အခွင့်မရလော။ ကောင်းမွန်စွာ မပြုလျှင်၊ အပြစ်ဖြေသောယဇ်ကောင်သည် တံခါးနားမှာဝပ်လျက်ရှိ၏။ သူသည်သင်၏အလိုသို့လိုက်၍၊ သင်သည်သူ့ကိုအုပ်စိုးရ၏ဟု ကာဣနကိုမိန့်တော်မူ၏။

8 ကာဣနကလည်း လယ်သို့သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီအာဗေလကိုရန်ဘက်ပြု၍သတ်လေ၏။

9 ထာဝရဘုရားကလည်း သင့်ညီအာဗေလသည် အဘယ်မှာရှိသနည်းဟု ကာဣနကိုမေးတော်မူလျှင်အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည်ညီကိုစောင့်ရသော သူဖြစ်ပါသလောဟု လျှောက်ဆို၏။

10 ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်း။ သင်ညီအသွေး၏အသံသည် မြေထဲက ငါ့ကိုအော်ဟစ်လျက်ရှိသည်တကား။

11 သို့ဖြစ်၍သင့်ညီ၏ အသွေးကိုခံယူခြင်းငှါ၊ မိမိပစပ်ကိုဖွင့်သော မြေကြီး၏ ကျိန်ခြင်းကို သင်သည်ခံရသောကြောင့်၊