ကမ္ဘာ​ဦး 40:18-23 BJB

18 ယောသပ်ကလည်း၊ သင်၏အိပ်မက်အနက်ဟူမူကား၊ တောင်းသုံးလုံးသည် သုံးရက်ဖြစ်၏။

19 သုံးရက်လွန်မှဖာရောမင်းသည် သင်၏ဦးခေါင်းကို ကိုယ်နှင့်ခွါမြှောက်လျက် သစ်ပင်၌ဆွဲထားတော်မူ၍၊ ငှက်တို့သည် သင်၏အသားကိုနှုတ်၍စားကြလိမ့်မည်ဟု ပြန်ပြော၏။

20 ထိုနောက်သုံးရက်လွန်သောအခါ၊ ဖာရောမင်းဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ ကျွန်တော်မျိုးအပေါင်းတို့ကို ကျွေးမွေးတော်မူစဉ်တွင်၊ ဖလားတော်ဝန် ၏ဦးခေါင်းနှင့် စားတော်ဝန်၏ဦးခေါင်းကို ကျွန်တော်မျိုးတို့တွင်ဖော်တော်မူ၍၊

21 အိပ်မက်အနက်ကို ယောသပ်ဘတ်သည်အတိုင်း၊ ဖလားတော်ဝန်ကို အထက်အရာ၌ တဖန်ခန့်ထားတော်မူသဖြင့်၊ သူသည်ဖလားတော်ကို ဖာရောမင်း၏လက်တွင် ဆက်မြဲဆက်ရ၏။

22 စားတော်ဝန်ကိုမူကား၊ ဆွဲထားတော်မူ၏။

23 သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ်ကိုမအောက်မေ့ဘဲ မေ့လျော့၍နေလေ၏။