ကမ္ဘာ​ဦး 40:9-15 BJB

9 ထိုအခါဖလားတော်ဝန်သည် မိမိအိပ်မက်ကို ယောသပ်အား ကြားပြောသည်ကား၊ ငါမြင်မက်သောအိပ်မက်တွင်၊ ငါ့ရှေ့မှာစပျစ်နွယ်ပင်ရှိ၏။

10 ထိုစပျစ်နွယ်ပင်၌ အလက်သုံးလက်ရှိ၏။ ထိုအလက်တို့၌ပန်းငုံကဲ့သို့ရှိ၏။ အပွင့်လည်းပွင့်၏။ အသီးပြွတ်တို့လည်း မှည့်သောစပျစ်သီးဖြစ်လေ၏။

11 ဖာရောမင်း၏ဖလားတော်ကိုငါကိုင်လျက်၊ ထိုစပျစ်သီးကိုယူ၍ ဖလားတော်၌ညှစ်ပြီးမှ လက်တော်တွင်ဆက်သည်ဟုပြောဆို၏။

12 ယောသပ်ကလည်း သင်၏အိပ်မက်အနက်ဟူမူကား၊ စပျစ်နွယ်သုံးလက်တို့သည် သုံးရက်ဖြစ်၏။

13 သုံးရက်လွန်မှဖာရောမင်းသည် သင်၏ဦးခေါင်းကိုချီးမြှောက်၍ သင်၏အရာကိုပြန်ပေးတော်မူသဖြင့်၊ သင်သည်အထက်ကဖလားတော်ဝန်ဖြစ်၍ ပြုဘူးသည်နည်းတူ၊ တဖန်ဖလားတော်ကို ဖာရောမင်း၏လက်တွင်ဆက်မြဲ ဆက်ရလိမ့်မည်။

14 သင်သည်ချမ်းသာရသောအခါ ကျွန်ုပ်ကိုအောက်မေ့၍ ကျေးဇူးပြုပါလော့။ ဖာရောဘုရင်ကိုလျှောက်၍ ကျွန်ုပ်ကိုဤအိမ်မှနှုတ်ယူပါ။

15 အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲပြည်မှခိုးယူခဲ့ကြ၏။ ဤပြည်မှာလည်း ကျွန်ုပ်၌အပြစ်မရှိဘဲ ထောင်ထဲမှာလှောင်ထားကြသည်ဟုဆို၏။