1 ထိုနောက်နှစ်နှစ်လွန်သောအခါ၊ ဖာရောမင်းသည် အိပ်မက်ကို မြင်မက်သည်ကား၊ မိမိသည် မြစ်နား၌ရပ်နေ၏။
2 အဆင်းလှ၍ဝသောနွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ မြစ်နားမှာပေါက်သောမြက်ပင်ကို စားလျက်နေကြ၏။
3 ထိုနွားတို့နောက်မှ အဆင်းမလှ၊ ပိန်သောနွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ အရင်နွားတို့အနား၌ ကမ်းပေါ်မှာရပ်နေကြ၏။
4 အဆင်းမလှပိန်သောနွားတို့သည်၊ အဆင်းလှ၍ ဝသောနွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။ ဖာရောမင်းလည်းနိုးလေ၏။