15 ဖာရောမင်းကလည်း၊ ငါသည်အိပ်မက်ကိုမြင်မက်ပြီ။ အနက်ကို အဘယ်သူမျှမဘတ်နိုင်။ သင်သည် အိပ်မက်ကို နားလည်သောဥာဏ်နှင့် အနက်ဘတ်နိုင်သည်ကို ငါကြားရပြီဟုဆို၏။
16 ယောသပ်ကလည်း၊ ကျွန်တော်သည် အလိုအလျောက်မတတ်နိုင်ပါ။ ဘုရားသခင်သည် မင်္ဂလာအဖြေစကားကို ဖာရောဘုရင်အားပေးတော်မူပါစေသောဟု လျှောက်လေ၏။
17 ဖာရောမင်းကလည်း၊ ငါမြင်မက်သည်မှာ၊ မြစ်နား၌ငါရပ်နေ၏။
18 အဆင်းလှ၍ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍၊ မြစ်နားမှာပေါက်သော မြက်ပင်ကိုစားလျက် နေကြ၏။
19 ထိုနွားတို့နောက်မှ၊ အဆင်းမလှ ပိန်ကြုံသောနွားခုနစ်ကောင်တို့သည် ထွက်လာကြ၏။ ထိုမျှလောက် အရုပ်ဆိုးသောနွားတို့ကို အဲဂုတ္တုပြည်တရှောက်လုံးတွင် တခါမျှမမြင်ရစဖူး။
20 အဆင်းမလှပိန်သောနွားတို့သည်၊ ဝသောအရင်နွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။
21 စားပြီးသောနောက်၊ စားမှန်းကို အဘယ်သူမျှမသိရ။ အရင်ကဲ့သို့ အရုပ်ဆိုးသေး၏။ ငါလည်းနိုး၏။