ကမ္ဘာ​ဦး 41:2-8 BJB

2 အဆင်းလှ၍ဝသောနွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ မြစ်နားမှာပေါက်သောမြက်ပင်ကို စားလျက်နေကြ၏။

3 ထိုနွားတို့နောက်မှ အဆင်းမလှ၊ ပိန်သောနွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ အရင်နွားတို့အနား၌ ကမ်းပေါ်မှာရပ်နေကြ၏။

4 အဆင်းမလှပိန်သောနွားတို့သည်၊ အဆင်းလှ၍ ဝသောနွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။ ဖာရောမင်းလည်းနိုးလေ၏။

5 တဖန်အိပ်ပြန်၍ အိပ်မက်ကိုမြင်မက်ပြန်သည်ကား၊ အလုံးကြီး၍ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း၌ဖြစ်ကြ၏။

6 ထိုနောက်မှ အလုံးသေး၍ အရှေ့လေဖြင့်ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။

7 အလုံးသေးသောစပါးခုနစ်နှံတို့သည် အလုံးကြီး၍ ကောင်းသော စပါးခုနစ်နှံတို့ကိုစားကြ၏။ ဖာရောမင်းလည်းနိုး၍ အိပ်မက်ဖြစ်သည်ကို သိလေ၏။

8 နံနက်အချိန်ရောက်သောအခါ၊ ဖာရောမင်းသည် စိတ်ပူပန်၍၊ အဲဂုတ္တုဗေဒင်တတ် ပညာရှိအပေါင်းတို့ကိုခေါ်၍ အိပ်မက်တော်ကို ပြန်ကြားတော်မူ၏။ သို့သော်လည်းရှေ့တော်၌ အနက်ကိုဘတ်နိုင်သောသူ တယောက်မျှမရှိ။