ကမ္ဘာ​ဦး 41:48-54 BJB

48 ခုနစ်နှစ်ပတ်လုံး အဲဂုတ္တုပြည်တွင်ရှိသမျှသောရိက္ခာကိုစုရုံး၍ မြို့တို့၌ သိုထားလေ၏။ မြို့ပတ်ဝန်းကျင်လယ်တို့၌ရသော ရိက္ခာကိုမြို့အသီးအသီးတို့တွင် သိုထားလေ၏။

49 စပါးကိုကား သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန်များစွာစုထား၍ မရေတွက်နိုင်အောင်များသောကြောင့် မရေတွက်ဘဲနေသတည်း။

50 အစာခေါင်းပါးသောနှစ်မရောက်မှီ၊ ယောသပ်သည် ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီးအာသနတ်တွင် သားနှစ်ယောက်တို့ကို မြင်ရ၏။

51 သားဦးကိုကား မနာရှေအမည်ဖြင့်မှည့်လေ၏။ အကြောင်းမူကား၊ ငါခံရသမျှသောပင်ပန်းခြင်းနှင့် ငါ့အဘ၏အိမ်သားအပေါင်းတို့ကို ငါမေ့စေခြင်းငှါ ဘုရားသခင်ပြုတော်မူပြီဟု ဆိုသတည်း။

52 နောက်ရသောသားကိုကား၊ ဧဖရိမ်အမည်ဖြင့်မှည့်လေ၏။ အကြောင်းမူကား၊ ဘုရားသခင်သည်ငါဆင်းရဲခံရသောပြည်၌ ငါ့ကိုပွါးများစေတော်မူပြီဟု ဆိုသတည်း။

53 ထိုနောက် အဲဂုတ္တုပြည်၌ဝပြောသောနှစ် ခုနစ်နှစ်ကုန်လေ၏။

54 ယောသပ်ပြောသည်အတိုင်း အစာခေါင်းပါးသောနှစ်တို့သည် ရောက်စရှိ၏။ ထိုအခါ ခပ်သိမ်းသောပြည်တို့၌ အစာခေါင်းပါးခြင်းရှိသော်လည်း အဲဂုတ္တုပြည်၌ ဆန်စပါးရှိသေး၏။