ကမ္ဘာ​ဦး 41:5-11 BJB

5 တဖန်အိပ်ပြန်၍ အိပ်မက်ကိုမြင်မက်ပြန်သည်ကား၊ အလုံးကြီး၍ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း၌ဖြစ်ကြ၏။

6 ထိုနောက်မှ အလုံးသေး၍ အရှေ့လေဖြင့်ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။

7 အလုံးသေးသောစပါးခုနစ်နှံတို့သည် အလုံးကြီး၍ ကောင်းသော စပါးခုနစ်နှံတို့ကိုစားကြ၏။ ဖာရောမင်းလည်းနိုး၍ အိပ်မက်ဖြစ်သည်ကို သိလေ၏။

8 နံနက်အချိန်ရောက်သောအခါ၊ ဖာရောမင်းသည် စိတ်ပူပန်၍၊ အဲဂုတ္တုဗေဒင်တတ် ပညာရှိအပေါင်းတို့ကိုခေါ်၍ အိပ်မက်တော်ကို ပြန်ကြားတော်မူ၏။ သို့သော်လည်းရှေ့တော်၌ အနက်ကိုဘတ်နိုင်သောသူ တယောက်မျှမရှိ။

9 ထိုအခါဖလားတော်ဝန်က၊ ကျွန်တော်သည်ကိုယ်အပြစ်ကို ယနေ့အောက်မေ့ပါ၏။

10 ဖာရောဘုရင်သည် ကျွန်တော်နှင့် စားတော်ဝန်ကိုအမျက်ထွက်၍ ကိုယ်ရံတော်မှူးအိမ်၌ ချုပ်ထားတော်မူသောအခါ၊

11 ကျွန်တော်တို့နှစ်ယောက်သည် အသီးအသီး မိမိတို့ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသောအိပ်မက်ကို တညဉ့်ခြင်းတွင် မြင်မက်ကြပါ၏။