33 ထိုပြည်ကို အုပ်စိုးသောသခင်က၊ သင်တို့သည် ဖြောင့်မတ်သောသူမှန်သည်ကို အဘယ်သို့ ငါသိနိုင်မည်နည်းဆိုသော်၊ သင်တို့ညီအစ်ကိုတို့တွင် တစုံတယောက်ကို ငါ့ထံ၌ထားရစ်ကြလော့။ သင်တို့အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ၍ သွားကြလော့၊
34 အငယ်ဆုံးသောညီကို ငါ့ထံသို့ဆောင်ခဲ့ကြလော့။ သို့ပြုလျှင် သင်တို့သည် သူလျှိုမဟုတ် ဖြောင့်မတ်သောသူဖြစ်သည်ကို ငါသိလိမ့်မည်။ သင်တို့ညီအစ်ကိုကို လည်း ငါပြန်၍အပ်မည်။ သင်တို့သည် ပြည်တော်၌ ဖောက်ကားရောင်းဝယ်ရကြမည်ဟုဆိုကြောင်းကို ကြားပြောကြပြီးမှ၊
35 မိမိတို့အိတ်များအထဲက စပါးကိုထုတ်သောအခါ၊ အသီးအသီးဆိုင်သော ငွေထုပ်တို့သည် မိမိတို့အိတ်၌ရှိကြ၏။ ငွေထုပ်များကို သူတို့နှင့်အဘသည် မြင်သော အခါ ကြောက်လန့်ကြ၏။
36 အဘယာကုပ်ကလည်း၊ သင်တို့သည် ငါ့သားတို့ကို လုယူကြပြီ။ ယောသပ်မရှိ၊ ရှိမောင်မရှိ၊ ဗင်္ယာမိန်ကိုလည်း ယူသွားချင်သည်တကား။ ဤအမှုအလုံးစုံတို့သည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သည်တကားဟု သူတို့အားဆို၏။
37 ရုဗင်ကလည်း၊ ကျွန်ုပ်သည်ဗင်္ယာမိန်ကို အဘထံသို့ ပြန်၍မဆောင်ခဲ့လျှင်၊ ကျွန်ုပ်သားနှစ်ယောက်တို့ကို သတ်ပါလော့။ သူ့ကိုကျွန်ုပ်လက်၌အပ်ပါ။ ကျွန်ုပ်တဖန် အဘထံသို့ပြန်၍ ဆောင်ခဲ့ပါမည်ဟု အဘအားဆို၏။
38 အဘကလည်း၊ သင်တို့နှင့်အတူငါ့သားမသွားရ။ သူ၏အစ်ကိုသေပြီ။ သူသည် တယောက်တည်းကျန်ရစ်၏။ သင်တို့သွားရာလမ်းခရီးတွင် သူ၌ဘေးရောက် လျှင်၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ဆိုလေ၏။