ကမ္ဘာ​ဦး 43:31-34 BJB

31 တဖန်မျက်နှာကိုသစ်၍ ဣန္ဒြေချုပ်တည်းလျက် ပြင်သို့ထွက်ပြီးလျှင်၊ စားပွဲကို ပြင်ကြဟု အမိန့်ရှိ၏။

32 ယောသပ်ဘို့တပွဲ၊ အစ်ကိုတို့ဘို့တပွဲ၊ ယောသပ်နှင့်စားသော အဲဂုတ္တုလူတို့ ဘို့တပွဲ အသီးအသီးတို့ကိုပြင်ကြ၏။ အဲဂုတ္တုလူတို့သည် ဟေဗြဲလူတို့နှင့်အတူ မစားရ၊ ထိုအမှုကိုအဲဂုတ္တုလူတို့သည် ရွံတတ်ကြ၏။

33 ညီအစ်ကိုတို့သည် အကြီးမှစ၍အငယ်တိုင်အောင် အရွယ်အလိုက် ယောသပ်ရှေ့မှာထိုင်နေကြ၏။ သူတို့သည် အချင်းချင်းကြည့်ရှု၍ အံ့ဩခြင်းရှိကြ၏။

34 ယောသပ်သည်လည်း သူတို့စားရန်အဘို့ အသီးအသီးတို့ကို မိမိထံမှပေးလိုက်၏။ ဗင်္ယာန်မိန်ရသောအဘို့သည် အစ်ကိုတို့ရသောအဘို့ထက် ငါးဆများသတည်း။ သူတို့သည်သောက်၍ပျော်မွေ့ခြင်းသို့ ရောက်ကြ၏။