ကမ္ဘာ​ဦး 45:21-27 BJB

21 ဣသရေလ၏သားတို့သည်ပြု၍၊ ယောသပ်သည်လှည်းတို့ကို၎င်း၊ လမ်းခရီး၌ စားစရိတ်များကို၎င်းပေး၏။

22 အစ်ကိုရှိသမျှတို့အားလည်းအဝတ်လဲစရာဘို့ပေး၏။ ဗင်္ယာမိန်အားလည်း၊ ငွေအကျပ်သုံးရာနှင့် အဝတ်လဲစရာဘို့ အဝတ်ငါးစုံကို ထပ်၍ပေး၏။

23 အဘအားလည်း အဲဂုတ္တုပြည်၏ကောင်းသောအရာတို့ကိုဆောင်သော မြည်းတဆယ်၊ လမ်းခရီး၌အဘစားစရာဘို့ စပါး၊ မုန့်၊ ခဲဘွယ်စားဘွယ်များကို ဆောင်သောမြည်းတဆယ်ကိုပေးလိုက်၏။

24 သင်တို့သည် လမ်း၌ရန်မတွေ့ကြနှင့်ဟုမှာထားလျက် အစ်ကိုတို့ကို လွှတ်လိုက်၍ သူတို့သည်သွားကြ၏။

25 ထိုသို့အဲဂုတ္တုပြည်မှထွက်သွား၍၊ ခါနာန်ပြည် အဘယာကုပ်ထံသို့ ရောက်ကြလျှင်၊

26 ယောသပ်သည် အသက်ရှင်သေး၏။ အဲဂုတ္တုပြည်လုံးကိုအုပ်စိုးရ၏ဟု ကြားပြောကြသည်ရှိသော်၊ ယာကုပ်သည်စိတ်နှလုံးလျော့၏။ သူတို့စကားကို မယုံ နိုင်။

27 သူတို့သည်လည်း ယောသပ်ပြောသမျှသောစကားတို့ကို ပြန်ပြောကြ၏။ အဘယာကုပ်သည် မိမိစီးစရာဘို့ ယောသပ်ပေးလိုက်သောလှည်းတို့ကို မြင် သောအခါ စိတ်နှလုံးအားဖြည့်ပြန်၏။