ကမ္ဘာ​ဦး 46:1-5 BJB

1 ထိုအခါ ဣသရေလသည် မိမိဥစ္စာရှိသမျှနှင့်တကွခရီးသွား၍ ဗေရရှေဘအရပ်သို့ ရောက်လျှင်၊ မိမိအဘဣဇာက်၏ ဘုရားသခင်အားယဇ်ပူဇော်ခြင်းကို ပြုလေ၏။

2 ညဉ့်အခါဗျာဒိတ်တော်အားဖြင့် ဘုရားသခင်က၊ ယာကုပ်၊ ယာကုပ် ဟုခေါ်တော်မူလျှင်၊ ယာကုပ်ကအကျွန်ုပ်ရှိပါသည်ဟု လျှောက်လေ၏။

3 ထာဝရဘုရားကလည်း၊ ငါသည် ဘုရားသခင်ဖြစ်၏။ သင့်အဘ၏ ဘုရားသခင်ဖြစ်၏။ အဲဂုတ္တုပြည်သို့သွားရမည်အခွင့်ကို မစိုးရိမ်နှင့်။ ငါသည် ထိုပြည်၌ သင့်ကိုလူမျိုးကြီးဖြစ်စေမည်။

4 အဲဂုတ္တုပြည်သို့ သင်နှင့်အတူငါသွားမည်။ တဖန်ငါဆောင်ခဲ့ဦးမည်။ ယောသပ်သည် မိမိလက်ကို သင်၏မျက်စိပေါ်မှာတင်ရလိမ့်မည်ဟု မိန့်တော်မူ၏။

5 တဖန်ယာကုပ်သည် ဗေရရှေဘအရပ်မှထွက်၍၊ သူစီးစရာဘို့ ဖာရောမင်းပေးလိုက်သောလှည်းတို့ဖြင့် ဣသရေလ၏သားတို့သည် အဘမှစ၍ မိန်းမများနှင့် သူငယ်များတို့ကိုဆောင်လျက်၊