ကမ္ဘာ​ဦး 46:4-10 BJB

4 အဲဂုတ္တုပြည်သို့ သင်နှင့်အတူငါသွားမည်။ တဖန်ငါဆောင်ခဲ့ဦးမည်။ ယောသပ်သည် မိမိလက်ကို သင်၏မျက်စိပေါ်မှာတင်ရလိမ့်မည်ဟု မိန့်တော်မူ၏။

5 တဖန်ယာကုပ်သည် ဗေရရှေဘအရပ်မှထွက်၍၊ သူစီးစရာဘို့ ဖာရောမင်းပေးလိုက်သောလှည်းတို့ဖြင့် ဣသရေလ၏သားတို့သည် အဘမှစ၍ မိန်းမများနှင့် သူငယ်များတို့ကိုဆောင်လျက်၊

6 ခါနာန်ပြည်၌ရသောတိရစ္ဆာန်များနှင့် ဥစ္စာများကိုလည်းယူ၍ အဲဂုတ္တုပြည်သို့ သွားကြ၏။

7 ယာကုပ်သည်ကိုယ်တိုင်မှစ၍ သားသမီးမြေးတည်းဟူသော အမျိုးအနွယ်အပေါင်းတို့ကို အဲဂုတ္တုပြည်သို့ ဆောင်သွားလေ၏။

8 အဲဂုတ္တုပြည်သို့ရောက်သော ဣသရေလသားတို့၏အမည်ကား၊ ယာကုပ်နှင့် သူ၏သားများ။ သားဦးရုဗင်။

9 ရုဗင်သား။ ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိ။

10 ရှိမောင်သား။ ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုး မိန်းမ၏သားရှောလ။