ကမ္ဘာ​ဦး 47:6-12 BJB

6 အဲဂုတ္တပြည်သည် သင့်ရှေ့မှာရှိ၏။ သင်၏အဘနှင့် သင်၏အစ်ကိုတို့ကို အကောင်းဆုံးသောအရပ် ဂေါရှင်ပြည်၌နေရာချလော့။ သူတို့တွင် အစွမ်းသတ္တိ ရှိသောသူအချို့တို့ကိုတွေ့လျှင် ငါ၏သိုးနွားအုပ်အရာ၌ခန့်ထားလော့ဟု ယောသပ်အား မိန့်တော်မူ၏။

7 ယောသပ်သည် အဘယာကုပ်ကိုသွင်း၍ ဖာရောမင်းရှေ့မှာထားသဖြင့်၊ ယာကုပ်သည် ဖာရောမင်းကိုကောင်းကြီးပေး၏။

8 ဖာရောမင်းက၊ သင်သည် အသက်အဘယ်မျှလောက်ရှိပြီနည်းဟု ယာကုပ်အား မေးလျှင်၊

9 ကျွန်တော်သည်ဧည့်သည်အာဂန္တုဖြစ်၍ လွန်သောအသက်သည် အနှစ်တရာသုံးဆယ်ရှိပါပြီ။ ကျွန်တော်အသက်ရှင်သောနှစ်ပေါင်းနည်း၍ ဆိုးပါ၏။ ဧည့်သည်အာဂန္တုဖြစ်သော ဘိုးဘေးတို့၏အသက်တန်းကို မမှီပါဟု လျှောက်ဆိုပြီးလျှင်၊

10 ဖာရောမင်းကိုကောင်းကြီးပေး၍ အထံတော်ကထွက်သွားလေ၏။

11 ဖာရောမင်းအမိန့်တော်ရှိသည့်အတိုင်း၊ ယောသပ်သည် အဘနှင့် အစ်ကိုတို့ကို နေရာချ၍ အဲဂုတ္တုပြည်၌အကောင်းဆုံးသောအရပ် ရာမသက်မြေကိုအပိုင်ပေး၏။

12 အဘနှင့် အစ်ကိုများ၊ အဘ၏အိမ်သားရှိသမျှတို့ကို အနည်းအများအလိုက် ကျွေးမွေး၏။